ကျိုက်ဒုံ မတ် ၁၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့်နယ်မြေရဲစခန်းမှ ဒုရဲအုပ် စိုးကျော်လင်းတို့မှ မူးယစ် ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးအုပ်စု(၅)မျိုး၊ မူးယစ်ဆေးဝါးသုံးစွဲ ရခြင်း၏ အကြောင်း အရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြည်ကြရန်စသည့် သိကောင်းစရာအကြောင်းအရာများကို အကျယ်တစ်ဝင့် အပြန်အလှန်ဆွေးနွေး ခဲ့သည်။
အဆိုပါ အသိပညာပေး(Talk Show)ဆွေးနွေးပွဲအား ပြည်သူများ အလွယ်တကူလေ့လာ သိရှိနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး၏ We Love Kyaikdon Page တွင်လွှင့်တင်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်