တန့်ဆည်မြို့တွင် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ၁၁၅၁ ဦးအား လူမှုရေးပင်စင် ထောက်ပံ့

တန့်ဆည်  မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေး ပင်စင်ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် (၉)နာရီ အချိန်က တန့်ဆည်မြို့ မေတ္တာ မြိုင်ရပ်ကွက် အတွင်း ကွင်းဆင်း ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ ထောက်ပံ့ရာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်မှ ထောက်ပံ့ လျက်ရှိသော လူမှုရေးပင်စင် ဒုတိယ(၃)လပတ် အတွက် တစ်လလျှင် ကျပ်တစ်သောင်းဖြင့် သုံးလလျှင် တစ်ကြိမ် ကျပ်သုံးသောင်းအား အိမ်တိုင်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပြီး တန့်ဆည် မြို့နယ် အတွင်း အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၁၅၁)ဦး တို့ကို သုံးလလျှင် တစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)