ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre) တွင် ကျောင်းသား/သူများ ကာယ၊ ဉာဏဖွံ့ဖြိုးစေမည့် အားကစားလှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပ

ဘားအံ    မတ်  ၁၈

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက် မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍  အားကစားလှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်လူထု အခြေပြု ဗဟိုဌာန(Community Centre)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခက်ခက်လွင်က အားကစားလှုပ်ရှားမှုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင်  ရေပေါ်ဘောလုံးမှုတ်ပြိုင်ပွဲ၊ ပန်းကန်ရွက်ပြိုင်ပွဲ၊ သာရေးပင် ပိုက်သယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြော ပြိုင်ပွဲ၊ အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲ၊ ဘိုးရင်းပစ်ပြိုင်ပွဲ စသည်တို့ကို  ပြုလုပ်ပေးခဲ့ရာ ဘားအံမြို့ နယ်အတွင်းရှိ အ-မ-က(အိမ်တိုင်ကုန်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)