ဘားအံ မတ် ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခင်းကျင်းပြသထားသော Mini Museum ပြတိုက်ငယ်သို့ ဘားအံမြို့ရှိ အ-မ-က(အိမ်တိုင်ကုန်း) ကျောင်းမှ ကျောင်းသား/သူများက ယနေ့မွန်းလွဲပိုင်းက လာရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။
ပြတိုက်ငယ်Mini Museum သို့ ကျောင်းသား/သူများ လာရောက်လေ့လာရာတွင်ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်ခက်ခက်လွင်နှင့် ဒုတိယဦးစီးမှူးဦးစောအယ်လင်းတို့က ပြတိုက်ငယ် Mini Museum တွင် ခင်းကျင်းပြသထားသော ကရင်တိုင်းရင်းသား ယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများ၊ ကရင်တိုင်းရင်းသားတို့၏ လက်မှုအနုပညာပစ္စည်းများ၊ ကရင်ဘာသာဖြင့်ထုတ်ဝေထားသော ဘုရားသမိုင်းများ၊ ကျောင်း သင်ခန်းစာများ၊ ကရင်ပြည်နယ်မှထွက်ရှိသော သဘာဝတွင်းထွက်ကျောက်များအကြောင်း၊ ကရင်တိုင်းရင်းသားတို့၏ လယ်ယာသုံး ပစ္စည်းများအကြောင်း၊ ကရင် ပြည်နယ်အတွင်းရှိ အထင်ကရ ဂူဘုရား သမိုင်းများ အကြောင်းများကို ရှင်းလင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြ ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)