ဝေါ မတ် ၁၈
ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း(Grade-9) စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့ နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ယနေ့ နံနက်ပိုင်းက စတင်၍အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုခြင်းကို ဝေါမြို့နယ်အတွင်းရှိ စာစစ်ဌာနပေါင်း(၂၄) ခုတွင် ဝင်ရောက်ဖြေ ဆိုရန် စာရင်းသွင်းထားသူ ကျောင်းသား/ကျောင်းသူကျား(၆၂၆) ၊မ(၆၄၂) စုစုပေါင်း(၁၂၆၈)ဦး ရှိပြီး ဝင်ရောက်ဖြေဆိုသူကျောင်းသား/ကျောင်းသူ ကျား(၅၈၈) ဦး၊မ (၆၁၁) ဦး၊ စုစုပေါင်း (၁၁၉၉)ဦး၊ ပျက်ကွက် ကျား (၃၈) ဦး၊မ (၃၁) ဦး စုစုပေါင်း (၆၉) ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)