သဲကုန်း မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများနှင့်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသော "နှလုံး သားယဉ်ကျေးမှု စာစုများ" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ဝင့်နန္ဒာဌေးက မိတ်ဆက်စကားပြောကြားပြီး စာဖတ်ဝိုင်းကို စာပေဖတ်ရှု သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် လူငယ်များနှင့်ပြည်သူများ အသိအမြင်ဗဟုသုတများ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းရရှိစေရန် ရည်ရွယ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသော "နှလုံးသားယဉ် ကျေးမှုစာစုများ" စာအုပ်ကိုစာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub)မှ ဦးသန်းစိုး(ပညာရေးငြိမ်း)မှ ကမ္ဘာပေါ်က အတော်ဆုံးလူ၊ ဦးသိန်းအောင် (သန်းငဘ)မှမိသားစုထမင်းဝိုင်း၊ဒေါ်မြင့်ကြည်(မြတ်စုဝေ) မှအခွင့် အလမ်း၊ဦးဆန်းမြင့်အောင်(ဆန်းမြင့်အောင်-သဲကုန်း)မှ ပညာရှိအဘိုးအို ဆောင်းပါးများကို အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို သဲကုန်းမြို့နယ် (Book Club)အဖွဲ့ဝင်စာရေးဆရာများ၊ စာငှားပရိသတ်များ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကိုလစဉ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
ဝင့်နန္ဒာဌေး