ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်

ပန်းတောင်း မတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့ နံနက် ၉ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း၊ ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ပန်းတောင်းမြို့နယ် မှတ်တမ်း(သစ်)စာအုပ် မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

စာအုပ်မိတ်ဆက်ပွဲတွင် ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက မိတ်ဆက်စကားပြောကြားပြီး မြို့နယ်စာကြည့်တိုက်ကော်မတီဝင် ဦးပြည်သန်းမှ စာရေးဆရာများ၏ ပန်းတောင်းမြို့နယ် မှတ်တမ်း(သစ်)စာအုပ်မိတ်ဆက်ပွဲ အစီအစဉ်အား  လူထုအခြေပြုဗဟိုဌာန၌ လာရောက် ပူးပေါင်းဆောင်ရွက် သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ စာရေးဆရာအဖွဲ့ဝင် ဦးသက်နိုင်ဦးမှ စာအုပ်ထုတ်ဝေသော စာရေးဆရာအသင်းများ၊ ဌာနဆိုင်ရာများ၊ စာအုပ်ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ခဲ့သောစာပေ ဝါသနာရှင်များအား ကျေးဇူးတင်အပ်ပါကြောင်း၊ မြို့နယ်အားကစားမှူးဒေါ်စောမာလာမှ စာအုပ်မိတ်ဆက်ခြင်းနှင့် ပတ်သတ်၍ ပြောကြားခဲ့ပြီး၊ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးလှကျော်မှ ပန်းတောင်းမြို့နယ် မှတ်တမ်း(သစ်) စာအုပ်အားပြုစုရေးသားခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။ ယင်းအပြင် စာပေစကားဝိုင်းများ၊ စာရေးသူတို့၏ စာပေဘဝခရီးအတွေ့အကြုံများအား အင်တာဗျူး အစီအစဉ်များနှင့် Talk Show ပြုလုပ်ခြင်းနှင့် အခြားသုတ/ရသ စာပေရေးရာဆိုင်ရာများ အပြန်အလှန်ဆွေးနွေးခြင်း အစီအစဉ်များကိုလည်း ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ လစဉ်လာရောက် ဆောင်ရွက်နိုင် ပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက်ပန်းတောင်းမြို့နယ် မှတ်တမ်း(သစ်)စာအုပ်တွင် မြို့နယ်သမိုင်းဖြစ်စဉ် ပန်းတောင်း အမည်တွင်ပုံ၊ မြို့ပေါ်ရပ်ကွက် ပေါ်ပေါက်လာပုံ၊ မြို့နယ်အတွင်းထင်ရှားသည့် စေတီပုထိုးများ၊ ကိုးကွယ်သည့်ဘာသာနှင့် အဆောက်အဦးလူဦးရေစသည့် အချက်လက်များ စုံလင်စွာစုစည်းရေးသား ဖော်ပြထားကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)