ရွှေတိဂုံစေတီတော်၌ ဘုရားဖူးပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ဒဂုံ   မတ်  ၁၇

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ပြည်သူများ လိုက်နာရမည့်  ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေး ဝန်ထမ်း များက ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် ရွှေတိဂုံစေတီတော်၌  ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ကူးစက်မြန် ရောဂါဖြစ်ပြီး လူထူထပ်သော နေရာများသို့ သွားရောက်ပါက ရောဂါ ကူးစက်နိုင်ခြေ ရှိသည့် လက္ခဏာများ၊ နှာခေါင်းစည်း Mask များ တပ်ဆင်ကြရန်၊  လက် သန့်ဆေးရည်   အသုံးပြုကြရန်နှင့်   သံသယဖြစ်ဖွယ် ရောဂါ   လက္ခဏာများ ဖြစ်ပေါ်ပါက  နီးစပ်ရာ ကျန်းမာရေး ဆေးပေး ခန်းသို့ အမြန်ဆုံး သွားရောက်ကြရန်  အသိပညာပေး ပြောကြားပြီး ဘုရားဖူး ရဟန်း သံဃာများ၊ ပြည်သူ များအား တစ်ဦးချင်း အလိုက် စနစ်တကျ လက်သန့်ဆေးရည် အသုံးပြု၍  သန့်စင်ဆေးကြော နည်းများကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးပြီး အသိပညာပေး လက်ကမ်း စာစောင် များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)