ရွှေတောင်မြို့နယ်၌ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရွှေတောင်  မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထက်အောင်က လက်ရှိ အခြားနိုင်ငံများတွင် COVID-19 ရောဂါ ကူးစက် ခံနေရမှု အခြေအနေများ၊ ကြိုတင်တင်ကာကွယ်ရေး ဆောင်ရွက်နေမှုများ၊ COVID-19 ရောဂါနှင့် ပတ်သက် သည့် သတင်းတု/သတင်းမှန်များ ခွဲခြားသိရှိနိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Webite မှ အချိန်နှင့် တစ်ပြေးညီ သတင်းအမှန်များ တင်ပြနေမှုများနှင့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက် နေမှုများကို ဆွေးနွေး တင်ပြခဲ့ရာ တက်ရောက် လာကြသော ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များ၊ ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း(ပြန်/ဆက်)