ကွမ်းဇဲကျေးရွာတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဂန့်ဂေါ မတ် ၁၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းလွင်တို့သည် မြို့နယ်အတွင်း လေပြင်းဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ကွမ်းဇဲကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီလအတွင်း လူနေအိမ်ခြေပေါင်း ၅၀ လုံး၊ မတ်လအတွင်း လူနေအိမ်ခြေ ၇၅ လုံးတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် ဆက်လက်၍ ရွာစည်ကျေးရွာ၊ ဝင်ဝကျေးရွာနှင့် ချောင်းခွ ကျေးရွာတို့ကိုလည်း စိစစ်၍ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)