ကနီမြို့၌ အသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွား (၆၅၇) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ပွဲ ကျင်းပ

ကနီ    မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ကနီမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၆၅၇) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရွှင်ဌေး၊ ဦးထွန်းထွန်းဝင်း တို့က လူမှုရေးပင်စင်များ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လွှတ်တော် ကိုယ်စားလှယ်များ၊ ကနီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကနီမြို့နယ်အတွင်း လူမှုရေးပင်စင် ခံစားနေသည့် အဘိုး အဘွား (၆၅၇)ဦး အတွက် တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်း ဖြင့် ၃လ အတွက် (၃၀၀၀၀/)ကျပ်၊ စုစုပေါင်း(၁၉၇၁၀၀၀၀/-) ကျပ်အား ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး စာရေးများမှ တစ်ဆင့် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရ သည်။

ခင်ဝင်းကြည်(ပြန်/ဆက်)