ဘားအံမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဘားအံ မတ် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြိုတွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ၊ ဆရာ/မများ၊ ပြည်သူများသို့ ဖြန့်ဝေပေး ခြင်းကို ယနေ့နံနက်ပိုင်းက အ-ထ-က(၁) ကျောင်းနှင့် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်၊ ကာကွယ်စောင့်ရှောက်သွားမည်သာ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊ အသက်သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ၊ တပ်မတော်၏ အစဉ်လာ ကောင်း(၁၂)ရပ်၊ နွေအလှနှင့်အခြားသော အသိပညာ ဗဟုသုတဆိုင်ရာ ဆောင်းပါး၊ ကဗျာများ ပါဝင်ကြောင်း သိရသည်။

(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ဝန်ထမ်းများက လူစည်ကားရာ နေရာများ ဖြစ်သည့် အ-ထ-က(၁)ကျောင်းနှင့် ရပ်ကွက်များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ သည်။

ခရိုင်(ပြန်/ဆက်)