ခန္တီး မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မင်္ဂလာဈေး၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိ လိုက်နာစေရေး ယနေ့ နံနက် ၇ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေသည့် အသိ ပညာပေး လက်ကမ်းစာစောင်ကို လက်ဝယ်ရောက်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်၊ ကူးစက် ရောဂါ ကြီးကြပ်ကွပ်ကဲရေး ဒေါက်တာကျော်သူဆွေ၊ ခန္တီးပြည်သူ့ဆေးရုံက ကျန်းမာရေးမှူး ဒေါ်ဆွီးနွာမ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ လိုက်ပါ၍ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
စနေမောင်မောင်(ခန္တီး)