ပဲခူး မတ် ၂၃
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးစရိတ် အချိန်စေ့ကြွေးကျန်များ ပိုမိုကောက်ခံရရှိရေး ကြွေးကျန်များ လျော့နည်းကျဆင်းရေးနှင့် ကြွေးပြေကျေသူတောင်သူများအား ၂၀၂၂ ခုနှစ်၊ မိုးချေးငွေထုတ်ချေးနိုင်ရေးဟူသော ရည်ရွယ်ချက်များဖြင့် ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ အထွေထွေမန်နေဂျာ၊ ဦးအောင်ဇော်မိုးနှင့် တိုင်းဒေသကြီး မန်နေဂျာ ဦ:ခင်မောင်စိုးဦးဆောင်သော အဖွဲ့သည် မတ်လ ၁၄ ရက်နေ့တွင် ပဲခူးခရိုင်ဘဏ်ခွဲ၊ မတ်လ ၁၅ ရက်နေ့တွင် သနပ်ပင် ဘဏ်ခွဲနှင့် ဝေါဘဏ်ခွဲ၊ မတ်လ ၁၆ ရက်နေ့တွင် ဒိုက်ဦ:ဘဏ်ခွဲ၊ မတ်လ ၁၇ ရက်နေ့တွင် ရွှေကျင်ဘဏ်ခွဲနှင့် ညောင်လေးဘဏ်ခွဲ၊ မတ်လ ၁၈ ရက်နေ့တွင် ကဝဘဏ်ခွဲများသို့ သွားရောက်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ချေးငွေစိစစ်ရေးဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား တွေ့ဆုံကာ အချိန်စေ့လွန်ကြွေးကျန် NPL နှင့် အချိန်စေ့ကြွေးကျန်များ ပိုမိုတိုးတက် ကောက်ခံရရှိရေး၊ လျော့နည်းကျဆင်းရေးနှင့် ကြွေးပြေကျေသူတောင်သူများအား ၂၀၂၂ ခုနှစ်၊ မိုးချေးငွေ ထုတ်ချေးပေးနိုင်ရေး တောင်သူများအား ထိရောက်စွာ ရှင်းလင်းနှိုးဆော် ကြီးကြပ်ဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပြီး တင်ပြလာသော အခက်အခဲများကို ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။ ထို့နောက် ဘဏ်ခွဲများ၏ ငွေကြေးလုံခြုံရေး၊ အလွဲသုံးစားမှု မဖြစ်ပွားရေး၊ ဘဏ်ခွဲလုပ်ငန်းများ စနစ်တကျ ရှိရေး စစ်ဆေးကြီးကြပ်မှာ ကြားခဲ့သည်။ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ မိုးကြိုထုတ်ချေး ငွေ (၁၇၇.၈၀) သန်းကို တောင်သူများသို့ ထုတ်ချေးထားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မိုးစိုက်ပျိုးစရိတ်ချေးငွေအား ယခုနှစ်မေလ ဒုတိယပတ် အတွင်း ထုတ်ချေးသွားနိုင်ရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)