တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

တောင်ဥက္ကလာပ  မတ်   ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ(၂) နာရီအချိန်က လူငယ်နှင့်စာဖတ်ခြင်းဆွေးနွေးပွဲ Talk Show ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲ(Talk Show)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် စာရေးဆရာ မောင်ရင်ဝေမှ ယနေ့ လူငယ်လူရွယ်များ စာတတ်သူတိုင်းစာဖတ်ရေး၊ စာပေအသိပညာ ဗဟုသုတကြွယ်ဝစေရန်၊ စာပေဖတ်ရှုမှုအားကောင်းပြီး ကမ္ဘာ့ လမ်းများ ပေါ်လျှောက်လှမ်း နိုင်ရန်၊စာပေများမှ မှန်ကန်သော အသိတရား၊ မှန်ကန်သော ဆုံးဖြတ်ချက်များ ရရှိစေရန် အတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ ပူးပေါင်းပြီး လူငယ်များ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း