ရေတာရှည်မြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာ

ရေတာရှည် မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရေတာရှည်မြို့နယ် မီးသတဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်း အန္တရာယ် သတိပေးချက်များအား မတ်လ ၂၂ ရက် ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ကြေညာခဲ့သည်။

ထိုသို့ သတိပေးကြေညာရာတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ကြေညာချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျက်ရှိသည့် အားကောင်း သော မုန်တိုင်းငယ်သည်  မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက် ရှိပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ထားပါကြောင်း  အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့်   နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးနိုင်ပါကြောင်း၊ မုန်တိုင်းငယ်၏ အမြင့်ဆုံး လေတိုက် နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ(၅၀)မိုင်အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်း ဒီရေ (၈)ပေမှ(၁၂)ပေခန့်အထိ မြင့်တက်နိုင်ကြောင်း၊ မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီး စစ်တောင်းမြစ်၊ ဆွာချောင်း၊ ချောင်းငယ်များနှင့် တောင်ကျ ချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း ဖြစ်ပေါ်လာပါက ရေဘေးလွတ်ကင်းရာ နေရာများသို့ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်ကြပါရန်နှင့် ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် လှည့်လည်အသိ​ပေး ကြေညာခဲ့​ကြောင်း သိရသည်။

မြို့ နယ်(ပြန်/ဆက်)