ကော့မှူး မတ် ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လျှပ်စစ်ဓာတ်အားနှင့် ရေချွေတာရေး အသိပညာပေး Talk Show ကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးအရာရှိ (တာဝန်ပေး)ဒေါ်ဇာခြည်စိမ့်က ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားနှင့် ရေကိုအကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များ သိရှိစေရန် အတွက် အသိပညာပေး Talk Show များ ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ် စာရေးဆရာအသင်းမှ ဦးခင်ဇော်(ခင်ဇော်ကော့မှူး)က ပူပြင်းခြောက်သွေ့ သော နွေရာသီတွင် သောက်သုံးရေ ပိုမိုလိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှလည်း အလွန်များပြားလာကြောင်း ရေနှင့်လျှပ် စစ်ကိုလေလွင့်ပြုန်းတီမှု များစွာဖြင့် သုံးစွဲနေကြသဖြင့် ခြောက်သွေ့ရာသီရောက်လာသည်နှင့်အမျှ ရေနှင့် လျှပ်စစ်မီးကို ချွေတာစွာ သုံးစွဲကြရန် လိုအပ်ကြောင်း မလိုအပ်သောမီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကိုချွေတာပါ၊ လျှပ်စစ်ကိုချွေတာသုံးစွဲခြင်းဖြင့် မီတာခများများ ကျသင့်ခြင်းမှ သက်သာခြင်း၊ လူမရှိသည့် အခန်းများ၌ မီး၊ပန်ကာ၊အဲကွန်းတို့အား ပိတ်ထားရန်ဘုရားမီးများအား အချိန်ပြည့် မထွန်းရန်၊ ရေပိုက်များ မပွင့်နေစေရန်၊ ရေမော်တာအား ခဏခဏမောင်းခြင်း မပြုလုပ်ကြရန် ပြည်သူများအနေဖြင့် ရေနှင့် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲကြရန်စသည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။
ကျော်သူရ