ဆာလင်းကြီး မတ် ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် မြန်မာတစ်နိုင်ငံလုံးရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငေွများ ပေးအပ် လျက်ရှိရာ ဆားလင်းကြီးမြို့နယ်တွင် မတ် ၁၃ ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု (၄၂)အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငေွများကို ပေးအပ် ခဲ့ကြောင်းသိရသည်။
အဆိုပါ လူမှုရေးပင်စင်ထောက် ပံ့ပေးအပ်ခြင်းများကို (၃)လတစ်ကြိမ် ပေးအပ်လျက်ရှိရာ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လများအတွက် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၆၂၀)ဦးအား တစ်ဦးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၈,၆၀၀,၀၀၀)ကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ် မှူးများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။
ဇော်လင်း(ဆားလင်းကြီး)