လှိုင် ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်လ္ဘက်ရည် ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိအား ကြပ်မတ်စစ်ဆေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ ညနေ (၂) နာရီကစတင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်း ချုပ်ကုသရေး ကော်မတီအဖွဲ့ဝင်များက စားသောက်ဆိုင်များ၊ ကာရာအိုကေ ဆိုင်များနှင့် လက်ဖက် ရည်ဆိုင်များရှိဆိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ် ပြန်ထားသော လမ်းညွှန်ချက်များ၊ စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ဆိုင်အဝင် တွင် လက်ဆေးဘေစင်များ စနစ် တကျထားရှိ ရန်၊ ဆိုင်အတွင်းစား သောက်သူများအတွက် (Social Distancing) နှင့်အညီ ဆောင်ရွက် ရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် ပြည်တွင်း ကူးစက်မှုများပါရှိလာသဖြင့် မြို့နယ်အတွင်း အသိပညာပေး လုပ်ငန်းများနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို အထူးအလေးထား လိုက်နာကြရန်မကြာခဏစစ်ဆေးဆောင်ရွက်ခြင်း နေ့စဉ် အသံချဲ့စက် ဖြင့် လှည့်လည် နှိုးဆော် ဆောင် ရွက်ခြင်းတို့ကိုလည်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)