သာယာဝတီ မတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုကို ယနေ့ နံနက်ပိုင်းက သာယာဝတီ မြို့မ ရဲစခန်းနှင့် သုံးဆယ်မြို့နယ်မြေရဲစခန်းတွင် မီးဘေးလုံခြုံရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ ပူးပေါင်း၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများမှ သွားရောက်ပြီး ရဲစခန်းများအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နေအိမ်လိုင်းခန်းများတွင် နေထိုင်ကြ သော တပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျ အသုံးပြုစေရေး၊ လျှပ်စစ်မီးအသုံးပြုသူများ အနေဖြင့် မိမိတို့နေအိမ်များရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိ မရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် နေအိမ်လိုင်း ခန်းများတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ် ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန်နှင့် မီးငြိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)