ပိုင်ကျုံမြို့၌ ဘေးအန္တရာယ်နှင့် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်‌ရေး အသိပေးနှိုးဆော်ချက်များအား‌ လိုက်လံအသိပေးနှိုးဆော်

ပိုင်ကျုံ  မတ်  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နယ်မြေမီးသတ်ဦးစီးဌာနနှင့်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနတို့က ပြည်သူများအား မီးဘေးအန္တရာယ်နှင့်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များ၌ ယမန့်နေ့ည‌နေ (၅)နာရီ အချိန်တွင်   လိုက်လံအသိ‌ပေးနှိုးဆော်ခဲ့သည်။

မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူနေအိမ်များ၊ ဈေးဆိုင်များတွင် ဟောင်းနွမ်းသည့် မီးကြိုးများ၊ လျှပ်စစ်မီးဖိုများ၊ gasအိုများ၊ လေအေး‌ပေး စက်များ၊ ပန်ကာများ၊ မီးကြွင်းမီးကျန်များကို စနစ်တကျ သုံးစွဲပါ၊ လျှပ်စစ်မီးများကို မလိုအပ် ပါက သုံးစွဲခြင်းမှ‌‌ရှောင်ကြဉ်ပါ စသည့်အသိပေးချက်များကိုလည်းကောင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ပါ၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပါ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့သွား ရောက်ခြင်းမှရှောင်ကြဉ်ပါ၊ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ နေထိုင်လုပ်ကိုင်ပါစသည့် အသိပေးနှိုးဆော်ချက်များအား လိုက်လံအသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

‌နော်ခူး(ပြန်/ဆက်)