ရေတာရှည် မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် တောင်နီကုန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဆောင်ရွက်သည့် ကျေးရွာကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားကို တပ်မတော်နေ့ အထိမ်းအမှတ် အနေဖြင့် ယမန်နေ့ နံနက်ပိုင်း က တောင်နီကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လမ်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တောင်ငူ ခရိုင် ဦးစီးမှူး ဦးသန့်စင်မျိုး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းဇော်မိုးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (မွမ်းမံ) ရန်ပုံငွေ (၄.၉) ကျပ်သန်းဖြင့် တောင်နီကုန်းကျေးရွာ ကျေးရွာတွင်းလမ်းအား (၀/၀.၅၅ မိုင်x၁၂'x၉") ထုရှိသည့် ကျောက်ချောလမ်းခင်းခြင်းအား လည်းကောင်း ရန်ပုံငွေ (၇.၇၈) ကျပ်သန်းဖြင့် တောင်နီကုန်းကျေးရွာ ကုန်ထုတ်လမ်းအား (၀/၂.၆၄ မိုင်x၁၂' x၉") ထုရှိသည့် ကျောက်ရောမြေ ခင်းခြင်းအားလည်းကောင်း ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးထွက်ကုန်များကို ဈေးကွက်သို့အဆင်ပြေ မြန်ဆန်စွာ ပို့ဆောင် နိုင်ကြမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)