လိပ်သိုမြို့တွင်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ   ဆက်လက်ထိုးနှံပေး

လိပ်သို   မတ်  ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုမြို့တိုက်နယ်ကျန်းမာရေးဌာနတွင်  ကိုဗစ်-၁၉ ရောဂါကို   ပိုမိုထိရောက်စွာ  ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့်  ကူးစက်ပြန့်နှံ့မှု လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန် အဟုန်မပျက်   ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ  လိပ်သိုမြို့တွင်   အဌမအသုတ် ထိုးနှံမှုအဖြစ်   တစ်ကြိမ်တစ်ခါမျှ   ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား    Covid Shield  ကာကွယ် ဆေးကို   ထိုးနှံပေးလျက်ရှိပြီး   ပထမအသုတ်  ထိုးနှံမှုတွင်  Covid Shield   ကာကွယ်ဆေးကို   ၂ကြိမ်ထိုးနှံပြီးစီးခဲ့သော   ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ပြည်သူများအား  Booster အဖြစ်   CovaXin  ကာကွယ်ဆေးကို    ကျန်းမာရေးဝန်ထမ်းများက   ထိုးနှံပေးလျက်ရှိကြောင်း  သိရ သည်။

ဆက်လက်၍  လိပ်သိုမြို့နှင့်  ဝေးကွာသော  ကျေးရွာများရှိ   ပြည်သူများအား   ကွင်းဆင်းထိုးနှံ ပေးသွားမည်  ဖြစ်ကြောင်းသိရသည်။

နီလာအေး(လိပ်သို)