ကြာအင်းဆိပ်ကြီး မတ် ၂၈
သဘာဝမြေဆီမြေလွှာများ ကောင်းမွန်လာစေရေး မြေဆီ၏ဂုဏ်သတ္တိအခြေအနေများကို ပြုပြင်ပြောင်းလဲပြီး ရေရှည်မြေဆီ မြေလွှာကောင်းမွန်မှုကို ဖြစ်ပေါ်ထိန်းသိမ်းနိုင်စွမ်းရှိပြီး မြေအတွင်းရှိ အဏုဇီဝသက်ရှိများက စားသုံးချေဖျက်၍ အပင်ကစားသုံးနိုင်သည့် အာဟာရ ဓာတ်များအဖြစ်ပြောင်းလဲကာ အပင်ကရယူစားသုံးခြင်းဖြစ်သည့်အတွက် ရေရှည်တွင်မြေဆီလွှာကို ကောင်းမွန်စေသော သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများကို ယမန်နေ့ ညနေပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာအုပ်စု ခလယ် ကျေးရွာ၌ ဒေသခံတောင်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်းသိရသည်။
အဆိုပါသဘောဝမြေဩဇာပြုလုပ်ရာ၌ ကုန်ကြမ်းအတွက် အရင်းအနှီးမလိုအပ်ဘဲ လုပ်အား သာလိုအပ်သည့် တိရစ္ဆာန်များနှင့်သက်ဆိုင်သောပစ္စည်းများ တိရစ္ဆာန်နှင့်လူတို့၏ အညစ် ကြေးများ ဟင်းသီးဟင်းရွက်နှင့် သီးနှံများ၏စွန့်ပစ်ပစ္စည်းများ ကောက်ရိုး စပါးခွံ နှမ်းရိုး ပဲရိုးပဲခွံ ပေါင်းမြက်အမှိုက်များ သစ်ရွက်ခြောက်များ နွားချေးတင်းလဲရည် ဖွဲနု စသည်များဖြင့် ပြုလုပ်ပုံနည်းလမ်းများအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများ အား လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။
ထို့နောက်မြို့နယ်ဦးစီးမှူးဦးဝေလင်းညွန့်က ယခုအခါတွင် ဓာတ်မြေဩဇာများ အလွန်အကျွံ သုံးစွဲလာမှုကြောင့် လယ်ယာမြေများတွင် မြေဆီလွှာပျက်ဆီးမှုဒဏ် ကြုံတွေ့ခံစားမှုလျော့ချ နိုင်ရန် မိမိတို့ပတ်ဝန်းကျင်ရှိ စွန့်ပစ်ပစ္စည်းများနှင့် သဘာဝဘေးထွက်ပစ္စည်းများကို အသုံးပြု၍သဘာဝမြေဩဇာများကို အသုံးပြုသုံးစွဲခြင်းအားဖြင့် ဓာတ်မြေဩဇာများ ဝယ်ယူ သုံးစွဲမှုကုန်ကျစရိတ်သက်သာလာပြီး မိမိတို့၏လယ်ယာမြေများအား ရေရှည်တွင် မြေဆီ မြေလွှာများကောင်းမွန်လာမှုကြောင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းပိုမိုတိုးတက်ကောင်း မွန်လာမည်ဖြစ်ကြောင်း ဒေသခံတောင်သူများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး