ပိုင်ကျုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ(၁၃၆၆၈)ဦးရှိ

ပိုင်ကျုံ  မတ်  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်းသိရ သည်။

ပိုင်ကျုံမြိုတွင်ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို  ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့မှ စတင်ထိုးနှံ‌ပေးလျက်ရှိရာ ၂၀၂၂ခုနှစ်၊မတ်လ ၂၇ ရက်နေ့အထိ လူဦးရေစုစုပေါင်း (၁၃၆၆၈)ဦးထိုးနှံပေးနိုင်ခဲ့ပြီး  အသက်(၁၈)နှစ်ပြည့်ပြီးလူတိုင်း  ကာကွယ်ဆေးရာနှုန်းပြည့်    ထိုးနှံနိုင်ရေးအတွက်    နေ့စဉ်ကျေးရွာများသို့ အရောက် ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့ကပူးပေါင်း၍ ပြည်သူများကာကွယ်‌ဆေးထိုးနှံရာတွင် အဆင်‌ပြေလွယ်ကူစေရန်အတွက်  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

နော်ခူး(ပြန်/ဆက်)