မြောက်ဥက္ကလာပ မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသည့် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်က မိဘပြည်သူ များအနေဖြင့် လတ်တလောဖြစ်ပေါ်နေသည့် (COVID-19) ရောဂါကူးစက်ခြင်း မခံရအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများသိရှိစေရန်၊ လူထူထပ်သော နေရာ များသို့ မသွားရောက်ကြရန်၊ သတင်းအမှားများအား မယုံကြည်ကြရန် ပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဒေါ်ဥမ္မာစိန်က (COVID-19) ကြိုတင်ကာကွယ် နိုင်မည့် နည်းလမ်း များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စာရေးဝန်ထမ်းများ စုစုပေါင်း ၈၀ ဦးခန့် တတ်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဒေါ်ကြည်ပြာအေး(ပြန်/ဆက်)