နတ်မောက် မတ် ၃၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နေ့လယ်ပိုင်းအချိန်က Mytel Fiber ကုမ္ပဏီမှ Wifi စက် အခမဲ့တပ်ဆင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Wifi စက်အား Mytel Fiber ကုမ္ပဏီမှ တာဝန်ခံ ဦးရဲရင့်နောင်က ပေးအပ်လှူဒါန်း ခဲ့ရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က မြို့နယ်လူထု အခြေပြုဗဟိုဌာန (Community Centre) အတွက် လက်ခံရယူခဲ့ကြောင်း သိရသည်။
လှဝင်း