ကော့ကရိတ် မတ် ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့ နံနက် (၉)နာရီ အချိန်က ကော့ကရိတ်ခရိုင်အတွင်းရှိ စာစစ်ဌာန (၇)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ (၁၆၈၃)ဦးတို့က ဝင်ရောက် ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ (၁၇၈) ဦးရှိခဲ့ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကော့ကရိတ်ခရိုင်တွင် ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၁၈၆၁)ဦးတို့က စာရင်းပေးသွင်းထားပြီး ယနေ့တွင် ကော့ကရိတ်ခရိုင်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အထက(၁) ကော့ကရိတ်၊ အထက(ကျုံဒိုး)၊ အထက (နဘူး)နှင့် အထက (ကော့ဘိန်း)၊ အထက(ကြာအင်းဆိပ်ကြီး)၊ အထက (တံခွန်တိုင်)၊ အထက(ကျိုက်ဒုံ)စသည့် စာစစ် ဌာနတို့တွင် လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၆၈၃)ဦးတို့က အေးချမ်းစွာဖြင့် ဖြေဆို လျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)