အလုံမြို့နယ်၌  ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်​​ရေးအတွက်  ရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံ​ပေး

အလုံ    ဧပြီ 

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး စီမံချက်အရကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြေပြင်ကွင်းဆင်း ထိုးနှံပေး လျက်ရှိရာ ယ​​နေ့၊ နံနက်  ၉ နာရီအချိန်က ဌာနာရပ်ကွက်၊ အလုံခန်းမတွင် အသက်(၁၈) နှစ် အထက် ပြည်သူ(၂၂)ဦးအား   Phase -9 ပထမအကြိမ် (First Dose)ထိုးနှံခြင်းနှင့်(၂၃) ဦးတို့ အား  Phase-7 ဒုတိယအကြိမ် (Second Dose)  ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ  ကာကွယ်ဆေးများထိုးနှံပေး လျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက် နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ပထမအကြိမ်ထိုးနှံပြီးသူ(၂၅၅၈၁))ဦးနှင့်  ဒုတိယ အကြိမ်ထိုးနှံပြီးသူ (၂၄၂၄၅) ဦးရှိ​​ပြီဖြစ်ပြီး ကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို သတ်မှတ်ရက် များအလိုက် သက်ဆိုင်ရာရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)