ရေစကြိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ (သင်္ချာ) ဘာသာရပ်အား ဆက်လက်ဖြေဆို

ရေစကြို    ဧပြီ   ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေး ပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်အား စာစစ်ဌာန(၂) နေရာဖြစ်သည့် အထက-ရေစကြိုနှင့် အထက-ပခန်းကြီးတို့တွင် ဧပြီလ ၂ ရက်နေ့ထိ နေ့စဉ်နံနက်(၉)နာရီမှ စတင်၍ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုလျက် ရှိကြသည်။

ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအား အဆင်ပြေချောမွေ့အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင် ရွက်ပေးလျက်ရှိသည်။

ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့  သင်္ချာ ဘာသာရပ်အား ရေစကြိုမြို့ နယ်အနေဖြင့် စာစစ်ဌာန (၂) နေရာတွင် ဖြေဆိုကြမည့် ကျောင်းသားဦးရေ စုစုပေါင်း (၁၃၈၃) ဦးရှိရာ ဝင် ရောက်ဖြေဆိုသူ‌ အထက-ရေစကြိုတွင် (၅၆၆) ဦးနှင့် အထက-ပခန်းကြီးတွင် (၃၇၄) ဦး စုစုပေါင်း (၉၄၀) ဦး ဖြေဆိုလျက်ရှိပြီး ဖြေဆိုရန်ပျက်ကွက်သူပေါင်း (၄၄၃)ဦးရှိပါကြောင်း မြို့နယ် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ရာခိုင်နှုန်း (၆၇.၉၇)ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မောင်လုလင် (ရေစကြို)