လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ကျင်းပသည့် အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်း ပညာဒါနဖွင့်ပွဲ ကျင်းပ

လမ်းမတော် ဧပြီ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ကျင်းပသည့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းပညာဒါနဖွင့်ပွဲ အခမ်းအနားကို မန်နေ့ နံနက်(၁၁)နာရီက လမ်းမတော်မြို့နယ်  community centre  ၌ ကျင်းပပြုလုပ်သည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပန်းချီဝါသနာကို   မြှင့်တင်ပေးနိုင်ရန်အတွက် ရည်ရွယ်ကာ ပညာဒါန အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းကို  သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး Peace Mine Art Studio သင်တန်း‌ကျောင်းမှ ပန်းချီပညာရှင်ဆရာ ဦးပြည့်စုံက ပန်းချီပညာအကြောင်းနှင့် သင်တန်းစည်းမျဉ်းများ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးများတွင်  နံနက်(၁၁) နာရီမှ နေ့လည် (၁၂:၃၀)နာရီအထိ (၄) ပတ်ကြာ သင်ကြားပေးမှာဖြစ်ပြီး သင်တန်းသို့ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၃၅) ဦးတက်ရောက်ကြောင်း သတင်းရသည်။

ကျော်ဆန်းမြင့်