ကြို့ပင်ကောက် မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပန်းတင်ရပ်ကွက်တွင် ကာကွယ်ဆေးလွှမ်းခြုံမှု စစ်တမ်းကောက်ယူခြင်း လုပ်ငန်းကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ ပန်းတင်ရပ်ကွက် အတွင်းရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်သည်။
အသက်(၁)နှစ်မှ (၃)နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် ကာကွယ်ဆေးလွှမ်းခြုံမှု အခြေအနေ၊ (၂၀၁၉)ခုနှစ်က ဆောင်ရွက်ခဲ့သော ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်း၏ လွှမ်းခြုံမှုအခြေအနေတို့ကို ဆန်းစစ်နိုင်ရန်အတွက် ကောက်ယူရခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေး မထိုးနှံရသေးသော မိခင်နှင့်ကလေးများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက် သွားနိုင်ရန်အတွက် ယခုလို စစ်တမ်းကောက်ယူရခြင်း ဖြစ်ကြောင်း စစ်တမ်းကောက်ယူရေး တာဝန်ခံ ကျန်းမာရေးဝန်ထမ်းက ပြောသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်တမ်းကောက်ယူခြင်း လုပ်ငန်းကို ပန်းတင်ရပ်ကွက်တစ်ခုအတွင်းမှ အိမ်ခြေ ၇၇ အိမ်တွင် မတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်တမ်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)