စမ်းချောင်း ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း)၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္က သိုလ်ဝင် စာမေးပွဲများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်း ညွှန်ချက်များနှင့် အညီ ၂၀၂၂-ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉) ရက် နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၂-ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ ပဥ္စမနေ့ ရူပဗေဒဘာသာရပ်ကို မြို့နယ်အတွင်းရှိ အထက-၂ကျောင်းတွင် ဆက်လက်ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၈၃)ရာခိုင်နှုန်း အေးချမ်းစွာ ဝင်ရောက် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေး ဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း)၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ရူပဗေဒဘာသာရပ်ဖြေဆိုနေမှု အခြေအနေများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
စမ်းချောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ရူပဗေဒဘာသာရပ်အား ဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၁၀၄)ဦး၊ ကျေင်းသူ(၁၄၃)ဦး စုစုပေါင်း (၂၄၇)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၈၅)ဦး၊ ကျေင်းသူ(၁၂၀)ဦး စုစုပေါင်း (၂၀၅)ဦးအထိရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၃)ရာခိုင်နှုန်း အထိရှိကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း (ပြန်/ဆက်)