ရှမ်းရွာသစ် ဧပြီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ဝန်ထမ်းများ အရည်အသွေး တိုးတက်မြင့်မားစေရန်နှင့် ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် စနစ်ကျပြီးတိကျမှန်ကန်မှုရှိစေရန် ရည်ရွယ်၍ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုအေးက ဝန်ထမ်းများ အရည်အသွေးတိုးတက်မြင့်မားစေရန်ရည်ရွည်၍ နှစ်ပတ်လျှင်တစ်ကြိမ်ရုံးတွင်း စာဖတ်ဝိုင်းကို ပုံမှန်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည်ဖြင့်ရှင်းလင်းပြောကြားပြီးနောက် ၂၀၁၁ခုနှစ်၊ ဇူလိုင်လတွင်ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားသော ရုံးလုပ်ငန်းလက်စွဲစာအုပ်တွင် ပါရှိသည့် ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း၊ ထွက်စာများကို အရေးယူဆောင်ရွက်ခြင်းနှင့် စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်း သိမ်းခြင်းခေါင်းစဉ်ပါအကြောင်းအရာများကို ဦးစောဝေဠုကျော်(စာထောက်-၃)မှလည်းကောင်း၊ မှတ်တမ်းထိန်းသိမ်းခြင်းနှင့် ရုံးစာရေးသားနည်း အကြောင်းအရာများကို ဒေါ်နော်မုနော်ဂေ(ငယ်ရေးအင်အားပြ)မှ ဖတ်ကြားဆွေးနွေးခဲ့ပြီး လိုအပ် သည့်အကြောင်းအရာများကို မြို့ဦးစီးမှူးမှ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)