လှိုင် ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့်တို့ ပူးပေါင်း၍ နွေရာသီအခြေခံ အေရိုးဗစ်သင်တန်းကို မြို့နယ် Community Centre ခန်းမ၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား / သူလေးများက အေရိုးဗစ်လေ့ကျင့်ခန်းများကို မြို့နယ်အားကစားနည်းပြမှ သင်ကြားပြသပေး ခဲ့ကြောင်း သိရသည်။ နွေရာသီအခြေခံအေရိုးဗစ် သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ Community Centre ခန်းမတွင် သင်တန်းနည်းပြ (၁) ဦး၊ ကျောင်းသား / သူ (၂၅) ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့တွင် သင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ကျော်ရဲအောင်(ပြန်/ဆက်)