တောင်ဥက္ကလာပ ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီ အချိန်က စာဖတ်ခြင်း အကျိုးကျေးဇူးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးပွဲ(Talk Show)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲဝင် စာရေးဆရာမ အေးချမ်းအိမ်မှ ယမန်နေ့ လူငယ်လူရွယ်များ စာပေဖတ်ရှုမှု အားကောင်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတကြွယ်ဝစေရန်၊ စာပေများမှ မှန်ကန်သော အသိတရား၊ မှန်ကန် သောဆုံးဖြတ်ချက်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ အားလပ် သောအချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အသိပညာပေး ဆွေးနွေး ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ ပူးပေါင်းပြီး စာဖတ်ရှိန် မြင့်မားရေးအတွက် စာဖတ်ခြင်အကျိုးကျေးဇူးများကို အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း