နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံ ဆိပ်တော် ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်း

ဘားအံ ဧပြီ ၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင် သည် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ သံဃာတော်အရှင်သူ မြတ်များအား ဘွဲ့တံဆိပ်တော်များ လိုက်လံဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရှေ့ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရား လွှတ်တော်တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရက ၂၀၂၂ ခုနှစ်တွင် ဆက်ကပ်လှူဒါန်းပူဇော်သည့် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘားအံမြို့နယ် ၊ကျုံဖဲကျေးရွာ၊ ကျုံဖဲပရိယတ္တိကမ်းနားကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒိမာအား  ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး ကျုံဖဲပရိယတ္တိ ကမ်းနားကျောင်း ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်း မောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ကျုံဖဲပရိယတ္တိကမ်းနားကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒိမာ အား ဘွဲ့တံဆိပ် တော်နှင့်အဆောင် အယောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုမှလှူဒါန်းသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပူဇော်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ကျုံဖဲပရိယတ္တိကမ်းနားကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇော တိကဓဇ ဘဒ္ဒန္တစန္ဒိမာ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်း ချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲ ၁ နာရီခန့်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တတေဇိန္ဒနှင့် အဂ္ဂ မဟာသဒ္ဒမ္မ  ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝိဇာရ ဆရာတော်နှစ်ပါးအား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ဘားအံမြို့ မိုးကယ်ကျောင်းတိုက်၌ ကျင်းပရာ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ကမ်းနီကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တဝိဇာရ ထံမှငါးပါးသီလခံယူဆောက်တည်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံ ဆိပ်တော်ရ မိုးကယ်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တတေဇိန္ဒနှင့် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံ ဆိပ်တော်ရ ဘဒ္ဒန္တစန္ဒိမာတို့အား ဘွဲ့တံဆိပ်တော်များနှင့်အဆောင်အယောင်များ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူ လှ သားသမီးမြေးတစ်စုမှလှူဒါန်းသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပူဇော်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကာ ကမ်းနီကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇဘဒ္ဒန္တစန္ဒိမာ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ခဲ့ကြသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြားကိုဖြတ်၍ သံလွင်တံတား သုံးမြှောင့်လမ်းဆုံမှ လှာကဒေါင်ကျေးရွာသို့ ဖောက်လုပ်ထားသော ဘားအံမြို့ရှောင်လမ်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ညိုနှင့် တာဝန်ရှိသူများက လမ်းဖောက်လုပ်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ ဘားမဲတောင်သဘာဝအပန်းဖြေဥယျာဉ်သို့ ရောက်ရှိပြီး ကိုဗစ်အလွန်ကာလ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝ ဥယျာဉ်ဆောင်ရွက်ထားမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူနှင့်တာဝန်ရှိသူများက သဘာဝ ဥယျာဉ်နှင့်ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ ဇွဲကပင်ပန်းခြံသို့ ရောက်ရှိပြီး အများပြည်သူ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရေး ဇွဲကပင်ပန်းခြံ အဆင့်မြှင့်တင်ဆောင်ရွက် ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူး ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)