ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ကော့မှူး ဧပြီ

လူငယ်လူရွယ်များစာဖတ်ရှိန်မြင့် မားတိုးတက်ရေးနှင့် စာပေမှရသော အသိပညာဗဟုသုတ များအားအသုံးချတက်စေရန် တစ်ဦးနှင့်တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များ မျှဝေတက်စေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်း ခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဧပြီ ၇ ရက် နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများနှင့်  Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုး သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များ ရရှိစေရန်နှင့် စာအုပ် စာစောင်များကို လေ့လာဖတ်ရှုတက်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများအား ကျင်းပပြုလုပ် ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍  Book Club အသင်းမှအဖွဲ့ဝင် ဒေါ်မီးမီးက စာ‌‌ရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့်အသိနှင့်ပညာစာအုပ်မှ ပေါင်းဆောင်ရွက်ခြင်း၊ မထက်ထက်ကိုးမှ လူမှုဆက်ဆံရေး အရည်အသွေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မကေခိုင်သက်ကခေါင်းဆောင် စွမ်းရည်ခေါင်းစဉ်များဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။ထို့နောက် Book Club အသင်းမှ အဖွဲ့ဝင် ဒေါ်မီးမီးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။

ကျော်သူရ ကော့မှူး