သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ပထဝီဝင် ဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆို

သာယာဝတီ ဧပြီ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထဝီဝင် ဘာသာရပ်ကို ယနေ့ နံနက် နာရီက  ဆက်လက်ဖြေဆိုရာ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆို လျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် စာစစ်ဌာန () ခုရှိပြီး အမှတ် () အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင်  ပထဝီဝင် ဘာသာရပ်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး၊ စာရင်း ပေးသွင်းထားပြီး ၁၆ ဦး၊ဝင်ရောက်ဖြေဆိုကာ ဦး၊ ပျက်ကွက်ကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (သုံးဆယ်) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၄၄ ဦး၊ စာရင်း ပေးသွင်းထားပြီး ၃၆ ဦး၊ ဝင်ရောက်ဖြေဆိုကာ ဦး၊ ပျက်ကွက်ကြောင်း၊  အခြေခံပညာ အထက်တန်းကျောင်း (စံရွေး) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၄၂ ဦး စာရင်းပေးသွင်းထားပြီး ၄၂ ဦး ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်မှုမရှိကြောင်း စုစုပေါင်း စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၁၀၃ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ဦး ရှိပြီးပျက်ကွက် ကျောင်းသား၊ ကျောင်းသူ ဦးရှိကာ ဖြေဆိုရာခိုင်နှုန်း ၉၁.၂၆ ရာခိုင်နှုန်း ရှိကြောင်းနှင့် စာမေးပွဲကို အေးချမ်းသာယာချောမွေ့စွာနှင့် အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများက ကြီးကြပ်လျက်ရှိပြီး ကျောင်းအတွင်း၊ အပြင်လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအားမြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော် (သာယာဝတီ)