ဖြူး မတ် ၁၆
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် စားသုံးသူများ မိမိတို့အခွင့်အရေးကို သိရှိနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဈေးအတွင်းရှိ ဈေရောင်း/ဈေးဝယ်ပြည်သူများအား မတ်လ (၁၅) ရက်နေ့၊ နံနက်ပိုင်းက အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဖြန့်ဝေရာတွင် စားသုံးသူများအခွင့်အရေးကို သိရှိနိုင်ရန်အတွက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် အခွင့် အရေးများ နစ်နာဆုံးရှုံးပါက စားသုံးသူကာကွယ်ရေးဉပဒေအရ အရေးယူပေးနိုင်ကြောင်းကို အသိပညာပေးထားသည့် လက်ကမ်းစာစောင်များကို ဖြူးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှတာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
မနွယ်(ဖြူးပြန်/ဆက်)