ကမာရွတ်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre)၌ ပညာဒါန အ​ခြေခံပန်းချီ​ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ရန်ကုန်     ဧပြီ ၇

လူငယ်၊ လူရွယ်များ ​နွေရာသီ​ကျောင်းပိတ်ကို အကျိုးရှိစွာ အသုံးချတတ်​စေရန်နှင့် ပန်းချီဝါသနာကို   မြှင့်တင်​ပေးနိုင်ရန်အတွက်ရည်ရွယ်ကာ ပညာဒါန အ​ခြေခံပန်းချီ​ရေးဆွဲနည်း သင်တန်းကို ဧပြီလ ၇ ရက်​နေ့၊ နံနက်(၉:၀၀) နာရီအချိန်က စတင်ကာ ကမာရွတ်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်​ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း​ပြောကြားပြီး သင်တန်း ဆရာက ပန်းချီပညာအ​ကြောင်းနှင့် သင်တန်းစည်းမျဉ်းများအ​ကြောင်းကို ရှင်းလင်း​ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အပတ်စဉ် ကြာသာပ​တေး၊ ​သောကြာ၊ စ​နေ​နေ့များတွင် နံနက်(၉:၀၀) နာရီမှ (၁၀:၃၀)နာရီအထိ (၄) ပတ်ကြာသင်ကြား​ပေးမှာဖြစ်ပြီး သင်တန်းသို့ အလယ်တန်းဆင့်​​ ကျောင်းသား၊ ​ကျောင်းသူ(၂၀)ဦး တက်​ရောက်​ကြောင်း သတင်းရရှိသည်။

စိမ်းလဲ့(ပြန်/ဆက်)