ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

သဲကုန်း  မတ်  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့က သဲကုန်းမြို့ ရပ်ကွက်(၁) အတွင်းရှိ နေဝန်းနီ လက်ဖက်ရည်ဆိုင်ပါ လက်ဖက်ရည်ဆိုင်များ၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်း ပိုင်ရှင်များ၊ ဈေးသွားဈေးလာများ၊ ကားဂိတ်၊ ရထားဂိတ်များစသည့် လူစည်ကားရာ နေရာများတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများမှ စားသုံးသူ၏တာဝန်များ၊ တောင်းဆိုနိုင်သည့် အခွင့်အရေး၊ တိုင်ကြားနိုင်သည့် အခြေအနေ၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ စီမံခန့်ခွဲမှုနည်းလမ်းအရအရေးယူခြင်း၊ ပြစ်မှုပြစ်ဒဏ်အရ အရေးယူခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ယူဖြေရှင်းမည့် အခြေအနေများပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်(၁၅၀)ခန့်တို့အား ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် လိုက်လံဝေငှပေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း