သဲကုန်းမြို့တွင် ဆီထွက်သီးနှံ နွေနှမ်းဆင်း ရတနာ-၃ စံပြကွက် (၅) ဧက စိုက်ပျိုး ဆောင်ရွက်

သဲကုန်း ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် ဇီးကုန်းအုပ်စုရွာထောင်ကုန်းကျေးရွာ တောင်သူဦးမျိုးသန့်၏ လယ်မြေ ၅ ဧကတွင်နွေနှမ်းဆင်း ရတနာ-၃ စံပြကွက်ကို ယမန်နေ့က စတင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဒေသတွင်း စားသုံးဆီ ဖူလုံရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းမြေပဲ ၄၆၅၆ ဧက၊ ဆောင်းနှမ်း ၂၃၃၉ ဧကနှင့် ဆင်းရွှေကြာ-၂ နေကြာသီးသန့ ၅၉ ဧက၊ သီးညှပ် ၅၅ ဧက စုစုပေါင်းအသားတင် စိုက်ဧက ၁၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနွေနှမ်း-ဆင်းရတနာ-၃ စံပြကွက် ၅ ဧကအပါအဝင် နွေနှမ်း ၃၉ ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်းနှင့် ဆီထွက်သီးနှံနှမ်းသီးနှံသည် ကုန်ကျစရိတ် သက်သာသည့်အတွက် တောင်သူများ အလွယ်တကူ စိုက်ပျိုးနေသည့် သီးနှံ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်းဝင်းထံမှ သိရသည်။

နွေနှမ်းစံပြကွက် စိုက်ပျိုးခြင်းကို မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ ဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်