ကျိုက်ဒုံ ဧပြီ ၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့်မီးသတ်အဖွဲ့များ ပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီခွဲက ကျိုက်ဒုံမြို့ပေါ်ရပ်ကွက် များ၌ ပြည်သူများအားကိုဗစ်- ၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်(omicron) ရောဂါပိုးကြိုတင်ကာကွယ် နိုင်စေရေး အတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင်ပြည်သူများအနေဖြင့်တစ်ဦးနှင့် တစ်ဦးခပ် ခွာခွာနေကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင်တံတောင်ဆစ် ကွေးနှင့်အုပ်၍ဆိုးကြရန်၊ မိမိတို့၏နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကိုစက္ကန့်(၂၀) ကြာ ဆေးကြောရန်၊ တက်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ် မိမိသံ သယလက္ခဏာခံစားရလျှင်နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန်စသည့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်