ကျိုက်ဒုံ ဧပြီ ၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့ နံနက် ၁၀ နာရီက စာအုပ် စာပေ ချစ်မြတ်နိုးသူများ အသင်း( Book Club) အဖွဲ့များမှ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်း နိုင်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားထားသော "ပျော်ရွှင်နိုင်ပါစေ"စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက် လာသည့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့မှ ဒေါ်စန္ဒာဝင်းက ဘဝဆိုတာ ကိုယ်ဖန်တီးတဲ့အရာ၊ ဒေါ်နှင်းနုလှိုင်မှ စိတ်အားထက်သန်သူစသည့် မိမိတို့ကြိုက်နှစ် သက်သော စာအုပ်ပါ အကြောင်းအရာခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်