ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁၀၀) ရာခိုင်နှုန်း ထိုးနှံပြီးစီးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်

ပဲခူး ဧပြီ ၈

၂၀၂၂ခုနှစ်၊ ဧပြီလကုန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် (၁၈) နှစ်အထက် ပြည်သူ လူထုအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ဆောင်ရွက်လျက်ရှိရာ ပဲခူးမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရေးကျန်ရှိသည့် ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အဖွဲ့ (၁၄) ဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများကိုကွင်းဆင်း၍ ကာကွယ်ဆေး ထိုးနှံပေးခြင်းအပြင်  ပဲခူးစက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် စက်ရုံအလုပ်ရုံလုပ်သား များကိုလည်း (၅-၄-၂၀၂) ရက်နေ့မှစတင်၍ နေ့စဉ်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံရန်အကျုံးဝင်သူ (၃၁၀၁၂၆) ဦးအနက် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၂၉၂၁၆၁) ဦးရှိပြီး ရာခိုင်နှုန်း အားဖြင့် (၉၄-၂၁) ရာခိုင်နှုန်း ဆောင်ထိုးနှံပြီးဖြစ်၍ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ရာနှုန်းပြည့်ထိုးနှံနိုင်ရေး  ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

(ခရိုင်၊ပြန်/ဆက်)