ကျောက်တံခါး ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့် ပြီးသည့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့က ကျောက်တံခါးမြို့ စည်ပင်သာယာခန်းမနှင့် ဟာရီးကျေးရွာ ကျေးလက်ဆေးပေးခန်းတို့၌ စတင်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ် ရုရှားနိုင်ငံထုတ် Sputnik Light ကိုဗစ် ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့များ၊ စေတနာ့ဝန်ထမ်းများက လိုအပ်သည်တို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)