မြို့သစ်မြို့နယ်၌ ၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (သမိုင်း) ဘာသာရပ်ကို စာစစ်ဌာန (၂) ခုဖြင့် ဆက်လက် ဖြေဆို

မြို့သစ်   ဧပြီ  ၈

၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ် မြို့နယ်တွင် စာစစ်ဌာ (၂) ခုဖြင့် (သမိုင်း)သာရပ်ကို ယနေ့ နံနက် (၉) နာရီက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ အထက (၁) မြို့သစ်၊ အထက ခွဲ မြို့လုလင် စာစစ်ဌာန ၂ ခုတွင် သမိုင်း ဘာသာရပ်ကို စာရင်းရှိ (၁၉၁) ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၆၆) ဝင်ရောက်ဖြေဆိုခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၈၆ ဒသမ ၉၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက လုံခြုံရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)