ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာကို ဖြေဆို

ဒဂုံအရှေ့ ဧပြီ ၈  

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာကို ယနေ့ နံနက်ပိုင်းက အထက-၂ နှင့် အထက ၅ စာစစ်ဌာန (၂) ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆို လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း  အထက-၂ / အထက ၅ စာစစ်ဌာန (၂) ခု၌ သမိုင်းဘာသာ ဖြေဆိုမည့်   ကျောင်းသား၊ကျောင်းသူ စာရင်းရှိ ကျား (၄၅) ဦး၊ မ (၃၁)  ပေါင်း (၇၆) ဦး ရှိရာ ယနေ့တွင်  ကျောင်းသား/ကျောင်းသူကျား (၃၈) ၊ မ (၂၆) ဦး ပေါင်း (၆၄) ဦး   ဖြေဆိုကြပြီး ပျက်ကွက်ကျား (၇) ဦး၊ မ (၅) ဦး စုစုပေါင်း (၁၂) ဦးရှိရာ  ရာနှုန်းအားဖြင့် (၈၄.၂၂ ရာခိုင်နှုန်း) ဖြေဆိုကြကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေး ကျောင်းအတွင်း၊ အပြင်လုံခြုံရေးနှင့် ပတ်သက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)