အ.လ.က(၂)အင်းစိန်၊ ၂ထပ်ကျောင်းဆောင်သစ် ပန္နက်တင် အခမ်းအနားကျင်းပ

ရန်ကုန် မတ် ၁၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အ.လ.က(၂)အင်းစိန်၊ ၂ထပ်ဆောင်သစ် ပန္နက်တင် အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အ.လ.က(၂)အင်းစိန် ကျောင်းတွင် ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်၊တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်ကွက်ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး အဖွဲ့များက အင်းစိန်မြို့နယ်၊ရွာမရှေ့ရပ်ကွက်ရှိ အ.လ.က(၂)အင်းစိန်ကျောင်း၌ ပေ(၁၀၀)x၃၀ RC ၂ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မြေနေရာတွင် ပန္နက်ရိုက်၊ အမွှေးနံ့သာများ ပက်ဖျန်းခဲ့ကြသည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ကျောင်းဆောင်သစ် ဆောက်လုပ်ခွင့်ရ ကန်ထရိုက်တာများအား အဆိုပါကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင်အရည်အသွေး ကောင်းမွန်စွာဖြင့်စေတနာထား၍တည်ဆောက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဇွဲထက်ကို၊ ကျော်မိုး